မျက်နှာများ

on Saturday, September 24, 2011

မျက်နှာဖုံးတွေ မြင်ရလွန်းလို့
တစ်ခါတစ်ရံ တွေ့တဲ့
မျက်နှာစစ်စစ်တွေကိုတောင်
အတုအယောင်လို့ ထင်လာမိတယ်။

ဖြစ်မလာသေးတဲ့ အိမ်မက်တွေ
လက်မခံနိုင်သေးတဲ့ အမှန်တရားတွေ
ငါကိုယ်တိုင် ဖျက်စီးလဲယူခဲ့တဲ့ အနာဂတ်တွေ
မြွေတစ်ကောင်လို ဟန်ဆောင်ကောင်းတဲ့
နောက်ဆုံးပရိယာယ်တွေ ...

ဒီလိုညတိုင်း လေထဲမှာ မျောလွင့်နေကြ
ငါရဲ့  ဦးတည်ချက်မဲ့ အတွေးနက်နက်တွေ
မျက်နှာဖုံးတစ်ခုအောက် ဖိသိပ်သွပ်သွင်းလိုက်ရတဲ့
ငါ့ရဲ့  (ရည်ရွယ်ချက်မဲ့) နေ့ရက်တွေ

သေချာတာတစ်ခုပဲ ...
ငါဟာ .. ကံကြမ္မာကိုလည်း (ဘယ်တုန်းကမှ)
မယုံကြည်ခဲ့ဘူး ...။

0 comments:

Post a Comment